မြင်းမူမြို့နယ်၌ စစ်ဆေးရေး လုပ်နေသည့် စစ်ကောင်စီအဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက် (ရုပ်/သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြင်းမူမြို့နယ်၌ စစ်ဆေးရေး လုပ်နေသည့် စစ်ကောင်စီအဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက် (ရုပ်/သံ)



စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရေပိုးစားဘုန်းကြီးကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သားများကို မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၈ ရက်၊ နံနက် ၁၀ နာရီကျော်ခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

.

ပြည်သူအား ဆက်ကြေးကောက်နေသော စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့သည်ဟု မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်သည်။

.

အဆိုပါ စစ်ဆင်ရေးကို Black Eagle Defense Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့် မြင်းမူမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats