.
ဆေးဝါးကုသမှု ခံယူနေသည့်
ပြည်သူ့အချစ်တော် စာရေးဆရာ အကြည်တော်သည် ယနေ့ နိုဝင်ဘာလ ၉ ရက်၊ ညပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း
သိရသည်။
.
.
စာရေးဆရာ အကြည်တော်သည်
ရန်ကုန်တိုင်း၊ ဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံဆေးရုံကြီးတွင် ဆေးကုသမှု
ခံယူနေစဉ် ယနေ့ နိုဝင်ဘာလ ၉ ရက်၊ ည ၈ နာရီ ၂၃ မိနစ်ခန့်က ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အကြည်တော်၏ အမည်ရင်းမှာ
စောကြည်ဖြူဖြစ်ပြီး ၁၉၈၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောက သို့
စတင်ဝင်ရောက်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် လုံချင်းဝတ္ထုများ
စတင်ရေးသားခဲ့သည်။
.
စာရေးဆရာ
အကြည်တော်သည် ဟာသစာပေတစ်ခေတ်တွင် အလွန်အောင်မြင်ခဲ့သည့် စာရေးဆရာတစ်ဦးဖြစ်ပြီး
၎င်း၏ ဝတ္ထုများအနက် ဇော်က ကနေသည်၊ ဘီလူး၊ ရွှေမိုးသည်း၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊
ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊ နတ်နေကိုင်း၊ ချစ်လို့စတာ နာတယ်၊
ကဝေပျိုရဲ့နိဒါန်း စသည်တို့မှာ ထင်ရှားသည်။
.
အောင်မြင်ခဲ့သည့်
လုံးချင်းဝတ္ထုများစွာကို ဖန်တီးရေးသားခဲ့သူ စာရေးဆရာ အကြည်တော်သည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကလည်း
ကဗျာနှင့် ဂီတကို ပေါင်းစပ်ဖန်တီးထားသည့် Music POEM Album ကို ဖြန့်ချိခဲ့သည်။
.