မြင်းမူ စီးပွား‌ရေးဘဏ်စောင့် စစ်‌ကောင်စီတပ်သားများ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြင်းမူ စီးပွား‌ရေးဘဏ်စောင့် စစ်‌ကောင်စီတပ်သားများ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ စီးပွားရေးဘဏ်၌ ကင်းစောင့်ရင်း အိပ်ပျော်နေသည့် စစ်‌ကောင်စီတပ်သားများ ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၅ နာရီကျော်ခန့်တွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

.

အနီးကပ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကင်းစောင့်ရင်းအိပ်နေသည့် စစ်ကောင်စီ တပ်သား ၈ ဦးအနက် ၅ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ-တပ်ရင်း ၇) က ထုတ်ပြန်သည်။

.

အဆိုပါ တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ-တပ်ရင်း ၇) နှင့် TRUE FIGHTER တပ်ခွဲ (၃) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် ဘဏ်စောင့် စစ်ကောင်စီ တပ်သားများသည် သေနတ်ဖြင့် အချက် ၃၀ ခန့် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက် မရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ-တပ်ရင်း ၇) က ဆိုသည်။

Journal Download

Photo of three cats