ရပ်စောက်မြို့နယ်တွင် ၁၂ ဘီးယာဉ် နှစ်စီးဖြင့် တင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်တွင် ၁၂ ဘီးယာဉ် နှစ်စီးဖြင့် တင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းမိ


ရပ်စောက်မြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး၊ ရပ်စောက် - ကျောက်ဂူသွား ကားလမ်း၌ ၁၂ ဘီးယာဉ် နှစ်စီးဖြင့် တင်‌ဆောင် မောင်းနှင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း သိရသည်။

.

နိုင်၀င်းထွန်း မောင်းနှင်လာသည့် ၁၂ ဘီး မော်တော်ယာဉ်နှင့် စိုင်းမျိုး မောင်းနှင်ပြီး တင်ကိုကို၀င်း လိုက်ပါလာသည့် NISSAN အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်တို့ကို စစ်ကောင်စီ၏ ပူးပေါင်းတပ်ဖွဲ့က နို၀င်ဘာလ ၁၀ ရက်၊ ည ၇ နာရီခွဲခန့်တွင် ရပ်တန့်စစ်ဆေးရှာဖွေစဉ် စုစုပေါင်း ဒေသ ကာလပေါက်ဈေး ငွေကျပ် ၈၇၇ သိန်းကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်း ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်းများမှာ Toluene ၊ Ethyacetate ၊ Calcium Carbonate ၊ Coloroform နှင့် Calcium Carbonate တို့ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ထိန်းချုပ်ဓာတုပစ္စည်းများအား သယ်ဆောင်ခိုင်းသူများမှာ သန်းလင်း(ခ) အရှည်ကြီး နှင့် နှင်းကိုကို တို့ ဖြစ်ပြီး ၎င်းတို့ကို တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ တည်းခိုခန်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats