သစ်တောအတွင်း ကင်းပုန်းဝပ်ရန် ရောက်နေသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သစ်တောအတွင်း ကင်းပုန်းဝပ်ရန် ရောက်နေသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ



စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းကျေးရွာအနီးရှိ သစ်တောအတွင်း၌ ကင်းပုန်းဝပ်ရန်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

.

စစ်ကောင်စီတပ်ကို နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် ဗုံးသီး ၁ လုံး၊ နံနက် ၁၀ နာရီ ဝန်းကျင်တွင် ဗုံးသီး ၁ လုံး ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်သည်ဟု Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) က ထုတ်ပြန်သည်။ 

.

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) နှင့် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းမူမြိုနယ် ပကဖ) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်က ၄၀ မမ တစ်လုံး နှင့် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats