ဝါဒဖြန့်ရန်အတွက် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို စစ်ကောင်စီက အဖြစ်သဘောမျိုး ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဝါဒဖြန့်ရန်အတွက် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို စစ်ကောင်စီက အဖြစ်သဘောမျိုး ကျင်းပမည်

.

တိုင်းပြည် အေးချမ်းသာယာနေသယောင် ကမ္ဘာကို ဝါဒဖြန့်နိုင်ရန်အတွက် စစ်ကောင်စီက တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအဖြစ် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲနှင့် မီးပဒေသာ လှည့်လည်ပူဇော်ပွဲတို့ကို အဖြစ်သဘောမျိုး ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.



.

နိုဝင်ဘာလ ၇ ရက်၊ တန်ဆောင်မုန်းလပြည့်ညတွင် မီးပဒေသာ လှည့်လည်ပူဇော်ပွဲနှင့် စိန်နားပန်မီးပုံးပျံ ၂ လုံး လွှတ်တင်ပူဇော်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲတွင် အရုပ် ၄၆ ရုပ် ပါဝင်ယှဉ်ပြိုင် လွှတ်တင်သွားမည်ဖြစ်ပြီး ပထမဆုအဖြစ် ၁၀ သိန်းကျပ်၊ ဒုတိယဆု ၅ သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ်နှင့် နှစ်သိမ့်ဆု ၅ ဆုအတွက် ၂ သိန်းကျပ်စီ ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

“ပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်နေပြီ ဆိုတာမျိုးကို ပြချင်တာပေါ့။ သူတို့ ဘယ်လိုပဲလုပ်လုပ် ကမ္ဘာကြီးက သိနေ ပြီးသားပါ။ လားရှိုးမှာလည်း တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲလုပ်တယ်။ တောင်ကြီးမှာလည်း အစကတော့ မလုပ်ဘူး ဆိုပြီး အခုကျတော့ နေ့လွှတ်အရုပ် ပြိုင်ပွဲ လုပ်တယ်။ ညမီးကြီးကတော့ သူတို့လည်း ပေးမလုပ်ရဲပါဘူး။ ပေးလုပ် ရင်လည်း မီးပုံးပျံအဖွဲ့ အများစုကတော့ လုပ်ချင်ကြမှာ မဟုတ်ပါဘူး” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်အထိ နှစ်စဉ် ကျင်းပလာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာ သက်တမ်းရှိပြီ ဖြစ်ကာ မှတ်တမ်းများအရ ၁၉၄၉ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ် ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင်လည်း ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats