ညောင်ရွှေ နန်းပန်မှ လူငယ်တစ်ဦး ပျောက်ဆုံးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေ နန်းပန်မှ လူငယ်တစ်ဦး ပျောက်ဆုံးနေ

.

ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ အမှတ် (၂) နေ မောင်ကျော်စိုးဝင်း (ခ) ဖိုးသား သည် ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်က နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးနေကြောင်း သိရသည်။

.

.

မောင်ကျော်စိုးဝင်း (ခ) ဖိုးသားသည် စိတ်ဝေဒနာ  ခံစားနေရသောသူ ဖြစ်သောကြောင့် မိသားစုဝင်များက စိတ်ပူပြီး လိုက်လံရှာဖွေနေကြောင်း သိရသည်။

.

အဆိုပါ လူငယ်သည် ယခင်ကလည်း ယခုကဲ့သို့ နေအိမ်မှ ထွက်ခွာသွားဖူးပြီး ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်၊ တစ်ရက်လုံး နန်းပန်၊ မိုင်းသောက်၊ ရွှေညောင်၊ တောင်ကြီး အစရှိသည့် အနီးပတ်ဝန်းကျင်ဒေသများတွင် လိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်း မရှိသေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

.

မောင်ကျော်စိုးဝင်း (ခ) ဖိုးသားကို တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၄၂၈၃၃၉၄၄၆၊ ၀၉ ၂၅၄၁၀၂၇၉၉ များသို့ ဆက်သွယ် ပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။

.

Journal Download

Photo of three cats