မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ချောင်းဆုံဂိတ်ကို တာဝေးပစ်ရှော့တိုက်ဒုံးများ၊ ၈၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်က ယနေ့နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်သည်။
.
ယင်းမာပင်ခရိုင်တပ်ရင်း (၁၁)၊ ပုလဲတပ်ရင်း (၅)၊ ကျားသစ်နက်တပ်မတော်(BLPA) တပ်ခွဲ(၁)၊ တပ်ခွဲ(၂)၊ ကျားသစ်နက်တပ်မတော် (BLPA) မြိုင်တပ်ခွဲ တပ်ခွဲ(၄) တို့ ပူးပေါင်း၍ နိုဝင်ဘာလ ၁၉ ရက်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်၊ သေဆုံးမှု အခြေအနေကို မသိရသေးဘဲ ပစ်ခတ်ပြီးနောက် လူနာတင်ယာဥ်နှင့် လာရောက်သယ်ဆောင်မှုများ ရှိသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။