ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့ အတွင်းသို့ ဝင်ထွက်သွားလာခြင်းကို ယနေ့ နိုဝင်ဘာလ ၂၈ ရက်မှ စတင်၍ အခြေအနေပေါ် မူတည်ပြီး ရက် အကန့်အသတ် မရှိ ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တားမြစ်ချက်ကို ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကေးလျားမြို့နယ် အုပ်ချုပ်ရေးကော်မတီ က ထုတ်ပြန်ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ လုပ်ဆောင်မှုမှာ အာဏာသိမ်း စစ်ကောင်စီအား အမြစ်ပြတ် ပြန်လည်ချေမှုန်းနိုင်ရန်အတွက် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
လမ်းပိတ်ထားစဉ် ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို တွေ့ရှိပါက လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် သွားလာနိုင်မည့်ရက်ကို ပြန်လည် အသိပေးကြေညာမည်ဟုလည်း ဆိုသည်။