"ရွာလုံးကျွတ် မီးတိုက်ရင် ရွာလုံးကျွတ် တော်လှန်မယ်" စာတန်း ကိုင်၍ စစ်ကိုင်းမြို့နယ် လူထုသပိတ် ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

"ရွာလုံးကျွတ် မီးတိုက်ရင် ရွာလုံးကျွတ် တော်လှန်မယ်" စာတန်း ကိုင်၍ စစ်ကိုင်းမြို့နယ် လူထုသပိတ် ဆန္ဒပြ




စစ်ကိုင်းမြို့နယ် လူထုသပိတ်စစ်ကြောင်းသည် "ရွာလုံးကျွတ် မီးတိုက်ရင် ရွာလုံးကျွတ် တော်လှန်မယ်" စာတန်းအား ကိုင်ဆောင်၍ ယနေ့ နိုဝင်ဘာလ ၄ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ် မီးရှို့၍ မီးလောင်ပြီး ကျန်ခဲ့သည့်ပစ္စည်းများတွင် ယင်းကဲ့သို့ စာသားများ ရေးထိုး၍ စစ်အာဏာရှင် ကျရှုံးရေး ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြချီတက်ခဲ့ကြခြင်း ဖြစ်သည်။
.



ထို့အတူ “ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်တင်ကြ …  စစ်ကိုင်းမြို့နယ် လူထုသပိတ်” ၊ “ရွာကိုသာ မီးရှို့လို့ရမယ် တော်လှန်စိတ်ကို မီးရှို့လို့ မရဘူး” ၊ "ကချင်ကိုထိရင် စစ်ကိုင်းနဲ့ ငြိမယ်" ၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" ၊ "စစ်အာဏာရှင်စနစ် ကျဆုံးရေး ဒို့အရေး "၊ "နွေဦးတော်လှန်ရေး အောင်ရမည် အောင်ကိုအောင်ရမည်" အစရှိသည့် စားသားများ ပါရှိသော ဆိုင်းဘုတ်များကိုလည်း ချီတက်ရာ လမ်းတစ်လျှောက် ကိုင်ဆောင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats