တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်းတွင် ယနေ့ နိုဝင်ဘာလ ၁၈ ရက်၊ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
" နှင်းလွင်လွင် ဓါတ်ပုံတိုက်မှာ မီးလောင်တာပါ။ ခုညနေ ၃ နာရီခွဲကျော်လောက်ကပါ။ ခုတော့ မီးငြိမ်းသွားပါပြီ။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးမှု အချို့ ရှိသည်ဟု သိရသော်လည်း မီးလောင်ရသည့် အကြောင်းအရင်း အသေးစိတ်ကိုမူ မသိရသေးပေ။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်ကလည်း ချမ်းမြသာစည်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်းတွင်ပင် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။