စစ်ကောင်စီတပ်၏ လက်နက်ကြီး​ကြောင့် လွိုင်ကော်မြို့နယ်၌ ပြည်သူ ၄ ဦး ပြင်းထန် ဒဏ်ရာများ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်၏ လက်နက်ကြီး​ကြောင့် လွိုင်ကော်မြို့နယ်၌ ပြည်သူ ၄ ဦး ပြင်းထန် ဒဏ်ရာများ ရ


ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ကုန်းဆွတ်ရွာ၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သားပြည်သူ ၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

" လက်နက်ကြီးနဲ့ ၅ လုံး ပစ်တာ၊ ပထမ ၄ လုံးက အိမ်တွေပဲ ထိပြီး လူ မထိဘူး။ နောက်ဆုံး တစ်လုံးမှာ အိမ်ရော လူတွေရောထိသွားတာ။ ကလေး တစ်ယောက်နဲ့ လူကြီး ၄ ယောက် ထိသွားတာပါ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။

.



စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာလ ၄ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့် ၅ ချက်ခန့် ရွာသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ မီးလောင်ပြာကျခဲ့ရသည့်အပြင် ကလေးငယ် တစ်ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် ညပိုင်းကလည်း ကုန်းဆွတ် ကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် လူနေအိမ် ၅ လုံးပျက်စီးခဲ့ရကြောင်း သိရသည်။

Journal Download

Photo of three cats