အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာစစ်ကောင်စီ တက်ခွင့်မရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာစစ်ကောင်စီ တက်ခွင့်မရ

.

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာ စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီ;ကို ဖိတ်ကြားမည့်စာရင်းက ပယ်ဖျက်လိုက်ကြောင်း Foreign Policy သတင်းက ဖော်ပြထားသည်။

.

.

မြန်မာစစ်အာဏာရှင်များကို အာဆီယံ၏ အရေးကြီးအခမ်းအနားများတွင် မဖိတ်ကြားရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဒိုဒိုက တိုက်တွန်းခဲ့ပြီးနောက် ကမ္ဘောဒီးယားက ယခုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

.

ယင်းကဲ့သို့ မြန်မာစစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မြတ်ထွန်းဦးကို အစည်းအဝေးသို့ မဖိတ်ကြားသည့် အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က စိတ်မချမ်းမြေ့စရာအဖြစ်မှ လွတ်မြောက်ခဲ့ရသည် ပြောဆိုခဲ့ကြောင်း အမေရိကန်အခြေစိုက် Foreign Policy သတင်းတွင် ဖော်ပြထားသည်။

.

အမေရိကန် အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦးကလည်း မြန်မာစစ်တပ်အနေဖြင့် ဒေသတွင်း အခြားနိုင်ငံများကို ကတိပေးထားသည့်အတိုင်း အကြမ်းဖက်မှုများကို ငြိမ်းချမ်းစွာဖြေရှင်းမှု မရှိမချင်း ယခုကဲ့သို့ ဝန်ကြီးအဆင့် အစည်း အဝေးများတွင် တက်ရောက်ခွင့်ရှိမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

.

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၂၀၂၀ ပြည့်နှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သူ စကော့မာစီယယ် ကလည်း စစ်အာဏာရှင်များ၏ တရားဝင်မှုကို ငြင်းပယ်ခြင်းသည် ကောင်းမွန်သောလုပ်ရပ်ဖြစ်ပြီး ရေတိုတွင် ပြောင်းလဲစေမည်မဟုတ်သော်လည်း စစ်အာဏာရှင်များအတွက် ဖိအားပိုများစေကြောင်း ပြောသည်။

.

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ တိုးချဲ့အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာလ ၂၀ ရက်မှ ၂၄ ရက်အထိ ၅ ရက်ကြာ ကျင်းပနေခြင်းဖြစ်ပြီး အစည်းအဝေးသို့ တရုတ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်လျက်ရှိကြောင်း သိရသည်။

.

[ Photo – Internet ]

.

Journal Download

Photo of three cats