ကျောက်ရစ်ရဲစခန်းကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်ရစ်ရဲစခန်းကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်



မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအ တွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၉ ရငယက်တွင် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

ဒရုန်းဖြင့် နံနက် ၈ နာရီခွဲခန့်တွင် ဗုံးသီး ၂ လုံး၊ ၁၀ နာရီခန့်တွင် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အသေအပျောက် များနိုင်သည်ဟု မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

.

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၊ မြင်းမူမြို့နယ် ပကဖ၊ Farmer Revolution Force CHU(FRF) နှင့် မြောင်မြို့နယ် တော်လှန်ရေးတပ် (Myaung Revolution Army) တို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ 

Journal Download

Photo of three cats