စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာရှိ စစ်ကောင်စီ စခန်းချရာ နေရာများကို ဒရုန်းတပ်ဖွဲ့ ညီနောင်အဖွဲ့များ ပူးပေါင်း၍ ဒရုန်းဖြင့် နိုဝင်ဘာလ ၂၂ ရက် နေ့လယ် ၂ နာရီခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
ဒရုန်း ၅ စီးဖြင့် ဗုံးသီး ၅ လုံး ကြဲချခဲ့ရာ
စစ်ကောင်စီအဖွဲ့များ ကစဉ့်ကလျား ပြေးလွှားနေသည်ကို အတိုင်းသား မြင်ရပြီး ထိခိုက် သေဆုံး စာရင်းကို အတိအကျ မသိရသော်လည်း တိကျသေချာသော ပစ်မှတ်များကို တိုက်ရိုက် ထိသောကြောင့် ထိခိုက်မှု အများအပြား ရှိမည်ဟုခန့်မှန်းသည်ဟု The Pentagram - ငါးထောင့်ကြယ် အဖွဲ့က ထုတ်ပြန်ထားသည်။
.
အဆိုပါ တိုက်ခိုက်မှုကို Myinmu Revolution Force -MMRF၊ AMA PDF၊ The Pentagram-ငါးထောင့်ကြယ်၊ KDDF- ကျောက်ဆည်၊ Phoenix SGG၊ SDRA၊ Zero Power- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်-တပ်ရင်း(၆)-တပ်ခွဲ(၁)၊ နယ်စည်းမခြား စစ်ကိုင်းသားနဲ့ စစ်ကိုင်းမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ညီနောင်အဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။