စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ရွာစဥ်တလျှောက် ဝင်ရောက်မွှေနှောက် ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ပေါင်းစု တို့ နိုဝင်ဘာလ ၁၇ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ရေဦးမြို့မှ ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် နံနက်ပိုင်းတွင် ခင်ဦးမြို့ အနောက်တောင်ခြမ်းရှိ ညောင်ပင်ခြံ၊ဆည်ကြီး၊ မရမ်းအင်၊ ကုန်းသာ ကျေးရွာများအား မွှေနှောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ကုန်းသာ၊ အောင်သာ၊ ရွှေယမင်း စသည့် ကျေးရွာများကြား၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တိုက်ပွဲကို တပ်ရင်း(၃) Khin U local Guerrilla Force (K.U.G.F) နှင့် ကာကွယ်ရေးတပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့သည်ဟု Khin U local Guerrilla Force က ထုတ်ပြန်ထားသည်။