.
ရန်ကုန်မြစ်အတွင်း
ရပ်နားထားသည့် ဆီတင်သင်္ဘောတစ်စီး ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နေ့လယ်ပိုင်းက ပေါက်ကွဲ
မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ရန်ကုန်တိုင်းဒေသကြီး၊
ဗိုလ်တစ်ထောင်မြို့နယ်၊ လင်းစဒေါင်းတံတားအနီး၊ ရန်ကုန်မြစ်အတွင်း ရပ်ထားသော သင်္ဘော
တစ်စီး ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက
ထုတ်ပြန်ထားသည်။
.
မီးလောင်ကျွမ်းမှုကို
မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၅ စီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မီးသတ်သင်္ဘောတစ်စီးတို့ဖြင့်
ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် မီးအား
ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ သင်္ဘော မီးမလောင်မီ
အချိန်က ကျယ်လောင်သည့် ပေါက်ကွဲသံ ၂ ကြိမ် ကြားခဲ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။
.
[ Photo – MFSD ]
.