ရွှေကျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့မှ ဒေသခံများကို စစ်ကောင်စီက ဖယ်ရှားခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေကျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့မှ ဒေသခံများကို စစ်ကောင်စီက ဖယ်ရှားခိုင်း

.

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) နယ်မြေ၊ ရွှေကျင် မြို့ပေါ်ရှိ ခြေတော်ရာ၊ ကျွဲတဲနှင့် ကျွဲတဲ (ကွက်သစ်) မှ ဒေသခံများကို ပြောင်းရွှေ့ပေးရန် စစ်ကောင်စီဘက်က ပြောဆိုမှု များရှိနေကြောင်း KNU က ယနေ့ နိုဝင်ဘာလ ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

.

.

ရွှေကျင်-သံဆိပ်-ဘောကထာ ကားလမ်းဘေးရှိ ရွာများကို ပြောင်းရွှေ့ပေးရန် နိုဝင်ဘာလ ၁၄ ရက်ကတည်းက ပြောဆိုထားခဲ့ပြီး ကျွဲတဲကွက်သစ်နှင့် ခြေတော်ရာ (ရှမ်းရွာ) များကိုမူ နိုဝင်ဘာလ ၂၁ ရက်တွင် ထပ်မံပြောဆိုလာခြင်း ဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန်တွင် မလွတ်ကင်းသည့်အတွက် ထိခိုက်မှုများ ရှိလာပါက တာဝန်မယူနိုင် ကြောင်းပြောဆိုပြီး ကြိုတင်ရှောင်ရှားကြရန် ၎င်းတို့နှင့် နီးစပ်သူများကိုသာ သတိပေးပြောဆိုခြင်းဖြစ်ပြီး တရားဝင် ပြောဆိုခြင်းမဟုတ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

.

ထို့အပြင် ရွှေကျင်မြို့ပေါ် ရပ်ကွက်များရှိ လမ်းပေါ်တွင် ညအိရပ်နားသည့် ကားများကို အခြားလွတ်ကင်းရာ နေရာသို့ ပြောင်းရွှေ့ထားရန်နှင့် ချောဆွဲပါက တာဝန်မယူနိုင်ကြောင်း လိုက်လံပြောဆိုမှုများလည်း ရှိနေသည်ဟု သိရသည်။

.

လက်ရှိတွင် စစ်ကောင်စီတပ်က KNLA တပ်ရှိရာသို့ စစ်ကြောင်းထိုးရန် ရွှေကျင်ဘက်မှ တင့်ကားများ အပါအဝင် အမြောက်ကားများ၊ တပ်သားများ စုဖွဲ့ပြင်ဆင်နေပြီး ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းက ရွှေကျင် ဗျူဟာကုန်းအတွင်းသို့ ရိက္ခာကားဟု ယူဆရသော စစ်ကောင်စီကား ၈ စီးခန့် ဝင်ရောက်ခဲ့ကြောင်း KNU က ဖော်ပြ ထားသည်။

.

ယင်းကဲ့သို့ ဒေသခံများအား ပြောင်းရွှေ့ခိုင်းခြင်း၊ ညဘက်တွင် လက်နက်ကြီးများ၊ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် မြို့ပေါ်တွင် တပ်အင်အား တိုးချဲ့နေခြင်းကြောင့် ရွှေကျင်ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သိရသည်။

.

[ Source – KNU ]

.

Journal Download

Photo of three cats