စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ပိတောက်ခြုံကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
ရွာသစ်ကျေးရွာ၌ တပ်စွဲ ညအိပ်ခဲ့သော စစ်ကောင်စီတပ်သည် ပိတောက်ခြုံကျေးရွာအတွင်း ဝင်ရောက်၍ ဒေသခံ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ပြည်သူပိုင်နေအိမ် ၆၁ လုံး မီးလောင်ပြာကျ၍ ပျက်စီး ဆုံးရှုံးခဲ့သည်ဟု GZ Special Task Force - Wetlet က ထုတ်ပြန်သည်။
.
ထို့အတူ စစ်ကောင်စီတပ်များသည် ပိတောက်ချုံရွာတွင်လည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။