.
တာချီလိတ်မြို့တွင်
ယနေ့ နိုဝင်ဘာလ ၂၉ ရက်၊ နေ့လယ်ပိုင်းက ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ
အမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်မြို့၊ ဟုန်ပန်းကွင်း
လမ်းပေါ်တွင် ယနေ့ နိုဝင်ဘာလ ၁၁ နာရီခွဲခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ဆိုင်ကယ်မောင်းနှင်သူ အမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ အသက် ၂၀ ကျော်အရွယ် အမျိုးသားမှာ
ဦးခေါင်းကွဲဒဏ်ရာ၊ ဗိုက်ပေါက်၊ ခြေထောက်ထိခိုက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
သေဆုံးသူ၏ ရုပ်အလောင်းအား
ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် တာချီလိတ် ပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
[ ဓါတ်ပုံ -
ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း ]
.