စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်သဖြင့် သထုံမြို့နယ်မှ လူနေအိမ်များ ထိခိုက်ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်သဖြင့် သထုံမြို့နယ်မှ လူနေအိမ်များ ထိခိုက်ပျက်စီး


အာဏာသိမ်းစစ်ကောင်စီ၏ ခမရ(၉) (ဝီယော်) စခန်းနှင့် လေ့ကျင့်ရေး (၉) (အလံတစ်ရာ) စခန်းတို့မှ သထုံမြို့နယ်၊ ဝီယော်ကျေးနယ်အုပ်စု၊ ထုံးဘိုလေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ လူနေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့‌သည်ဟု သိရသည်။

.

စစ်ကောင်စီ တပ်စခန်းများမှ နိုဝင်ဘာလ ၁၁ ရက်၊ ည ၈ နာရီခွဲ‌ကျော်ခန့်တွင် လက်နက်ကြီး ၈ လုံးပစ်ခတ်မှုကြောင့် ထုံးဘိုလေးကျေးရွာမှ ဒေါ်ဖောစေး၊ ဦးပန်းစိန်၊ ဦးဖားဘဲ၊ နောဒို့၊ ဦးကျေဇော၊ စောထေ့ဖိုး တို့၏ နေအိမ်များ ပျက်စီးခဲ့သည့် အပြင် ရာဘာပင်များလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု KNU က ထုတ်ပြန်သည်။

.



ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကလည်း ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်များက မီးတင်ရှို့ခဲ့သဖြင့် လူနေအိမ် ၆၁ လုံး မီးလောင်ပြာကျခဲ့ရသည်။

.

ထို့အတူ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာ စာသင်ကျောင်းလည်း မီးရှို့ခံခဲ့ရသည့်အပြင် ရွာသား ၃ ဦးလည်း သတ်ဖြတ်ခံခဲ့ရ‌ကြောင်း သိရသည်။

.

ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ မီးတင်ရှို့မှုကြောင့် ထုံးဘိုလေးရွာရှိ ဒေသခံ ရွာသူ၊ ရွာသားများမှာ ယာယီတဲအိမ်များ ပြုလုပ်၍ နေထိုင်ကြရပြီး ယခုတွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats