ဘဝသံသရာ တံတားအနီး၌ ကားမှောက်၍ ကလေး ၆ ဦး အပါအဝင် ၂၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘဝသံသရာ တံတားအနီး၌ ကားမှောက်၍ ကလေး ၆ ဦး အပါအဝင် ၂၂ ဦး ဒဏ်ရာရ



ဟဲဟိုးနှင့် ရွှေညောင်မြို့ကြား၊ တောင်ကြီး-‌အောင်ပန်းသွားလမ်း၊ ဘဝသံသရာတံတား အနီး၌ ယနေ့ နိုဝင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီခန့်က မော်တော်ယာဉ် တိမ်းမှောက်သဖြင့် ကလေးငယ် ၆ ဦး အပါအဝင် ၂၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

တိမ်းမှောက်သည့် ယာဉ်မှာ ကလောမြို့နယ်၊ ကျောက်တန်းရွာရှိ အဆောက်အဦ ဆောက်လုပ်ရေး မိသားစုဝင်များ လိုက်ပါ စီးနင်းလာသည့် Canter ယာဉ် ဖြစ်ကာ ဘဝသံသရာ တံတားအနီးရှိ ကျောက်စရစ် လမ်းခင်းကျောက် ထုတ်သည့် နေရာ၌ တိမ်းမှောက်ခြင်း ဖြစ်သည်ဟု သိရသည်။

.



ယာဉ် တိမ်းမှောက်သည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

.

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို လူမှုကူညီ‌ရေးအသင်းဝင်များက ဟဲဟိုးဆေးရုံမှ တဆင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ လူနာတင်ယာဥ် ၆ စီးဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats