ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅)ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကျမ်းစာသင်ကျောင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာလ ၃ ရက်၊ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းသား ၄ ဦးအား ထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်သည် အမျိုးသားအဆောင်သို့ ကျရောက် ပေါက်ကွဲပြီးနောက် ကျောင်းသား ၄ ဦးကို ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
.
အဆိုပါ ဒဏ်ရာ ရရှိခဲ့သည့် ကျောင်းသားများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေကြောင်းနှင့် ကျမ်းစာသင်ကျောင်းလည်း ထိခိုက်ပျက်ဆီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။