ဖယ်ခုံမြို့နယ်၊ လအိရွာအား အာဏာသိမ်းစစ်ကောင်စီတပ်က နိုဝင်ဘာလ ၉ ရက်၊ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ လက်နက်ကြီးကျည် ထိမှန်၍ ဒဏ်ရာ ရရှိသူများမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်၊ အသက် ၈၁ နှစ်အရွယ် ဒေါ်မူထန့်၊ အသက် ၄၄ နှစ်အရွယ် ဒေါ်မူမားနှင့် အသက် ၅၆ နှစ်အရွယ် ဦးကိုင် တို့ဖြစ်ပြီး ဦးကိုင်မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
.
ထို့အတူ အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့ရသည့်အပြင် အိမ်မွေးတိရစ္ဆာန်များလည်း ထိမှန်သေဆုံးမှုများ ရှိသည်ဟု သိရသည်။