မုံရွာမြို့နယ်၊ ထန်းလေးပင်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်တပ်က ယနေ့ နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သား ၁၅၀ ခန့်က ထန်းလေးပင်ကျေးရွာ၌ နံနက် ၇ နာရီခွဲခန့်တွင် ပထမအကြိမ် မီးရှို့ပြီးနောက် နံနက် ၉ နာရီခန့်တွင် ဒုတိာအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
" မနက် အစောပိုင်းက တစ်ကြိမ်၊ ခုနောက်တစ်ကြိမ် မီးရှို့တာ။ ဘယ်လောက်ပျက်စီးလည်းတော့ မသိရသေးဘူး။ ပြည်သူပိုင်နေအိမ်တွေကို ရှို့တာပါ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ယမန်နေ့ နိုဝင်ဘာလ ၅ ရက်၊ နေ့လယ်ပိုင်းကလည်း မုံရွာမြို့နယ်၊ ရန်နိုင်ကျွန်းကျေးရွာမှ ပြည်သူ့နေအိမ်များနှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။