ဆောမြို့မရဲစခန်းမှ ရဲ ၄ ဦး လက်နက်ဖြင့် အလင်းဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆောမြို့မရဲစခန်းမှ ရဲ ၄ ဦး လက်နက်ဖြင့် အလင်းဝင်



မ‌ကွေးတိုင်း၊ ဆောမြို့နယ်၊ မြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦး လက်နက်ဖြင့် အလင်း ဝင်ရောက်လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်သည်။

.

၎င်းတို့မှာ ရဲဒုတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၃ ဦး ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ အမှတ်(၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ အမှတ်(၃) တပ်ရင်းသို့ လက်နက်နှင့်တကွ အလင်းဝင်လာခြင်း ဖြစ်ကြောင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

.

စစ်ကောင်စီတပ်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်း မရှိသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် လက်ကမ်းကြိုဆို‌နေမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

Journal Download

Photo of three cats