ကျောက်တော်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်တော်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး

.

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်၊ ညပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစု ၃ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

.

.

ကျောက်တော်အခြေစိုက် စခက (၉) တပ်က အောက်တိုဘာလ ၃၁ ရက်၊ ည ၁၁ နာရီခန့်တွင် ကျေးရွာများ အတွင်းသို့ လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်ခဲ့သည့်အတွက် ပီစိ (ရခိုင်) ကျေးရွာ မြောက်ပိုင်းရှိ လူနေအိမ် ၃ လုံးအနက် အလယ်ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်၊ ပီစိကျေးရွာနေ ဦးစိုးဝင်း၊ ဒေါ်သန်းသန်းဝေ (ခ) ဒေါ်ပုကေနှင့် အသက် ၁၄ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူ မဖြိုးဖြိုးဝေတို့ ထိမှန်သေဆုံးခဲ့သည့်အပြင် နွား ၄ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

.

ကျောက်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်၊ ညပိုင်းကလည်း ကန်စောက် အခြေစိုက် ၅၃၉ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဆင်မကျော်(မြို)ကျေးရွာကို လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲကာ လူနေအိမ် ၂ ဆောင်ပျက်စီးသွားပြီး နဝမတန်းကျောင်းသူ ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats