နောင်ချိုတွင် ငွေကျပ် သိန်း ၅၃၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုတွင် ငွေကျပ် သိန်း ၅၃၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

နောင်ချိုမြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်း ၅၃၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၆ ရက်၊ ညနေ ၃ နာရီခန့်က နောင်ချိုမြို့နယ်အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေနေစဉ် ဆိုင်းယော် မောင်းနှင်ပြီး နော်မိုင် လိုက်ပါလာသည့် TOYOTA BB အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဖြူ အလေးချိန် ၂ ဒသမ ၇၅ ကီလို၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၁၂ ဒသမ ၅ သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ ပြား၊ ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀ တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ ဆိုင်းယော်နှင့် နော်မိုင်တို့ ၂ ဦးအား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က သတင်းထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats