.
တောင်ကြီးမြို့ပေါ်
နေရာအချို့တွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက စားအုန်းဆီများကို မိုဘိုင်းစနစ်ဖြင့်
လိုက်လံရောင်းချပေးလျက်ရှိရာ ဆီတစ်ပိဿာ ရရှိရေးအတွက် အလုအယက် တန်းစီဝယ်ယူနေရကြောင်း
သိရသည်။
.
.ထိုသို့ ရောင်းချရာတွင်
လူတစ်ဦးလျှင် တိုကင်ပြားတစ်ခုစီပေး၍ စားအုန်းဆီတစ်ပိဿာ ၄၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်း
ဖြစ်ကြောင်းသိရသည်။
.
“အခုလိုလာရောင်းပေးတော့
တကယ်လိုအပ်တဲ့ လူတွေအတွက် အဆင်ပြေတာပေါ့။ အပြင်စျေးနဲ့ ၃၀၀၀ လောက် ကွာတော့ အဲဒီ
၃၀၀၀ ကဆန်တစ်ပြည်ဖိုး အပိုထွက်လာတာပေါ့” ဟု စားအုန်းဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသူ
တစ်ဦးက ပြောသည်။
.
လက်ရှိ တောင်ကြီးမြို့ပေါ်တွင်
စားအုန်းဆီတစ်ပိသာလျှင် ပြင်ပပေါက်စျေး ၈၀၀၀ ကျပ်ခန့်ရှိပြီး မိုလ်ဘိုင်းစနစ်ဖြင့်
လာရောက်ရောင်းချရာတွင် ၅၀၀၀ ကျပ်အောက်သာ ပေးဝယ်ရသည့်အတွက် အလုအယက် တန်းစီစောင့်ဆိုင်းဝယ်ယူ
နေကြခြင်းဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီလက်ထက်တွင်
အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အတွက် စားအုန်းဆီ အပြင်
အခြားလိုအပ်သည့် စားသောက်ကုန်များအား ယခုကဲ့သို့ လာရောက်ရောင်းချပေးစေလိုကြောင်း ဒေသခံများက
ပြောဆိုကြသည်။
.
စားသုံးဆီ
တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက နိုဝင်ဘာ ၈ ရက်ကနေနိုဝင်ဘာ ၁၃ ရက်အထိ အခြေခံလက်ကားရည်ညွှန်းဈေးအဖြစ်
စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၄၃၃၀ ကျပ် သတ်မှတ်ထားပြီး ယခင်ရက်သတ္တပတ်ကထက် ၁၅၀ ကျပ်
ဈေးနှုန်းထပ်မံမြင့်တက်လာခြင်းဖြစ်သည်။
.
ရန်ကုန်တိုင်းတွင်
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယခုတစ်ပတ်အတွက် စားအုန်းဆီ
တစ်ပိဿာလျှင် ၄၄၅၀ ကျပ်နှုန်းဖြင့် တန်းစီစနစ်ဖြင့် လိုက်လံရောင်းချပေးနေကြောင်း သိရသည်။
.