ယနေ့ နိုဝင်ဘာလ ၂၉ ရက်၊ ည ၇ နာရီခွဲခန့်တွင် တောင်ကြီးမြို့ တစ်နေရာအား မြင်တွေ့ရသည့် အခြေအနေ ဖြစ်သည်။
.
တောင်ကြီးမြို့တွင် တစ်နေ့လျှင် လျှပ်စစ်မီး ၅ နာရီဝန်းကျင်ခန့်သာ ရရှိသည့်အပြင် မကြာခဏ မီး ပြတ်တောက်နေသည့်အတွက် မြို့ခံပြည်သူများ၏ လှောင်ပြောင် ဝေဖန်မှုများလည်း မြင့်တက်နေလျက် ရှိသည်။
.
ယင်းကဲ့သို့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်၍ အချိန်မှန် မီး မရရှိခြင်းကြောင့် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းရသည့် အခြေအနေများလည်း တောင်ကြီးမြို့တွင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။