သံဖြူဇရပ်မြို့နယ်ရှိ ရှေးဟောင်းဘုန်းကြီးကျောင်း မီးလောင်ပျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သံဖြူဇရပ်မြို့နယ်ရှိ ရှေးဟောင်းဘုန်းကြီးကျောင်း မီးလောင်ပျက်ဆီး


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲဘိုတောင်ကျေးရွာ ရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း သည် ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် အစောပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဘုန်းကြီးကျောင်းမှာ နှစ်ပေါင်း ရာကျော် သက်တမ်း ရှိသည့် ရှေးဟောင်းကျောင်း ဖြစ်ကာ ကျောင်းတွင် သံဃာ ၈ ပါးခန့် သီတင်းသုံး နေထိုင်ပြီး လက်ရှိတွင် ကျောင်းဝင်း အတွင်းရှိ ကျောင်းဆောင် အသေး တစ်ခုသို့ ပြောင်းရွှေ့သီတင်းသုံး နေထိုင်ကြောင်း သိရသည်။

.




မီးလောင်မှုကို လူမှုရေးအသင်းအဖွဲ့များက သွားရောက် ကူညီကယ်ဆယ်ခဲ့ကြပြီး မီးလောင်မှုကြောင့် ဘုန်းကြီးကျောင်း အဆောက်အဦ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

Journal Download

Photo of three cats