လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေလျက် ရှိသည့် တောင်ကြီးမြို့၌ ဓါတ်အားအသုံးပြုခ (မီတာခ) မဆောင်ဟုဆိုကာ လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
.
" မီတာ မဆောင်လို့ဆိုပြီး မီး လိုက်ဖြတ်နေတာပါ။ " ဟု တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ဓါတ်အား ဖြတ်တောက်မှုကို ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်မှ စတင်၍ လင်းသီဟကုမ္ပဏီ က ပြုလုပ်နေခြင်း ဖြစ်ပြီး ဓါတ်အား ဖြတ်တောက်ခံရသည့် နေအိမ်/အဆောက်အဦများတွင်လည်း သတိပေးစာများ ကပ်သွားသည်ဟု သိရသည်။
.
" မီး အချိန်မှန် လာအောင် လုပ်မပေးနိုင်ဘဲနဲ့ မျက်နှာပြောင် တိုက်ပြီး မီးလိုက်ဖြတ်နေတာ တော်တော် ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်ပဲ။ သူတို့က အာဏာနဲ့ ငွေကိုပဲ သိတာမို့ ရှက်ရကောင်းမှန်းလည်း မသိနိုင်ပါဘူး။" ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း လျှပ်စီးမီး မကြာခဏ ပြတ်တောက်ခြင်း၊ ဓါတ်အား မငြိမ်သက်ခြင်းကြောင့် ဝါယာလျှော့ဖြစ်၍ မီးလောင်ကျွမ်းမှု ၂ ကြိမ် ဖြစ်ပွားခဲ့သည်။