တောင်ကြီးမြို့၌ ယနေ့ နိုဝင်ဘာလ ၇ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး အစောင့်အကြပ်ဖြင့် မီးပဒေသာပင် လှည့်လည်ခဲ့ကြောင်း သိရသည်။
.
ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးမှတဆင့် စူဠာမုနိစေတီတော်သို့ စီတန်းလှည့်လည်ကြခြင်း ဖြစ်ကာ ယင်းလှည့်လည်သူများတွင် တောင်ကြီးဒေသခံများ မပါဝင်ကြောင်း သိရသည်။
.
" အင်အားက ၃၀၀ လောက်တော့ ရှိတယ်။ တောင်ကြီးသူ/တောင်ကြီးသားတွေ မပါဘူး။ ရှေ့နောက် ဘယ်ညာ လုံခြုံရေး အပြည့်ပဲ။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
နှစ်စဉ် တန်ဆောင်တိုင်ပွဲတော်ကာလတွင် တောင်ကြီးမြို့၌ မီးပဒေသာပင် လှည့်လည် ပူဇော်ပွဲကို ပြုလုပ်လေ့ရှိရာ ပါဝင်စီတန်းလှည့်လည်သူ သောင်းနှင့်ချီ၍ ရှိသော်လည်း ယခုဝါဒဖြန့်တန်ဆောင်တိုင်တွင်မူ ရာဂဏန်းမျှသာ ရှိကြောင်း သိရသည်။