မြောင်မြို့နယ်တွင် စစ်ကောင်စီတ​ပ်အား မိုင်းခွဲတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြောင်မြို့နယ်တွင် စစ်ကောင်စီတ​ပ်အား မိုင်းခွဲတိုက်ခိုက်



စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စခန်းမှ ထွက်လာသည့် စစ်အုပ်စုအား အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း 11 Brothers Revolution Forces အဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်သည်။

.

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၁၁ နာရီကျော်ခန့်ကက ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လမ်းတစ်နေရာ အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၆ ဦး ထိမှန်၍ ၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ တိုက်ခိုက်မှုကို 11 Brothers Revolution Forces နှင့် အတူ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုးအထူးပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats