တနင်္သာရီမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်)၊ တပ်ရင်း(၂) က ထုတ်ပြန်သည်။
.
မော်တုန်းကျေးရွာ အနောက်ကမ်း၌ စစ်ကောင်စီတပ်၏ ခမရ(၅၅၇)၊ ခမရ(၅၅၈) တပ်ရင်းတို့နှင့် နံနက် ၆ နာရီခန့်တွင် လည်းကောင်း၊ ဗောဓိကမ်းရွာ တံတားအနီး၌ စစ်ကောင်စီတပ်၏ အမတ(၃၀၆)၊ ခမရ(၅၅၇) တပ်ရင်းတို့အား နံနက် ၈ နာရီခန့်တွင်လည်းကောင်း တိုက်ပွဲများ အသီးသီး ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၉ ဦးခန့် သေဆုံး၍ ၆ ဦး ဒဏ်ရာရကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု မြိတ်ခရိုင်၊ တပ်ရင်း(၂) က ဆိုသည်။
.
အဆိုပါ တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်)၊ တပ်ရင်း(၂) ၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့ စသည့် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။