ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေး တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးသွားသော တော်လှန်ရေး ရဲဘော်များနှင့် ကျဆုံးခဲ့ရသူများ အားလုံးအတွက် တော်လှန်ရေး အတွင်း ကျဆုံးခဲ့ရသူ အဆိုတော် ရေမွန်၏ "ချန်ခဲ့" တေးသီချင်းအား ကရင်နီ(ကယား) ပြည်နယ် တစ်နေရာ၌ သီဆိုကာ အမှတ်တရ ဆုတောင်းပေးခဲ့ကြသည်။
.
ယမန်နေ့ နိုဝင်ဘာလ ၂ ရက် (All Soul's Day) တွင် သီဆို ဆုတောင်းကြခြင်း ဖြစ်ကာ ယင်းနေ့သည် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ၏ ထုံးတမ်းအစဥ်အလာအရ သေဆုံးသွားသူများ၏ ဝိညာဥ်များအတွက် အထူး ဆုတောင်းပေးသောနေ့ ဖြစ်ကြောင်း သိရသည်။