လင်းခေး-မိုးနဲလမ်းတွင် ဆိုင်ကယ်ချောက်ထဲပြုတ်ကျပြီး အမျိုးသားတစ်ဦး ဒဏ်ရရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လင်းခေး-မိုးနဲလမ်းတွင် ဆိုင်ကယ်ချောက်ထဲပြုတ်ကျပြီး အမျိုးသားတစ်ဦး ဒဏ်ရရ

.

လင်းခေးခရိုင်၊ လင်းခေး-မိုးနဲလမ်းတွင် ယနေ့ နိုဝင်ဘာလ ၉ ရက်၊ ညနေပိုင်းက ဆိုင်ကယ် တစ်စီး ချောက်ထဲ ပြုတ်ကျပြီး စီးနင်းလာသူ အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

အမျိုးသားတစ်ဦး စီးနင်းလာသော ဆိုင်ကယ်သည် ယနေ့ နိုဝင်ဘာလ ၉ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က လင်းခေး-မိုးနဲလမ်းရှိ မောင်ခိုတံတား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားဘေးရှိ ပေ ၂၀ ခန့်နက်သော ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမျိုးသားကို လင်းခေးခရိုင်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ် ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး လင်းခေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats