တောင်ကြီးတွင် ဧည့်သည်အဝင်မရှိ၍ ဆောင်းဝတ် အနွေးထည်များ အရောင်းပါးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဧည့်သည်အဝင်မရှိ၍ ဆောင်းဝတ် အနွေးထည်များ အရောင်းပါးနေ

.

ဆောင်းရာသီကာလ ရောက်ရှိလာသော်လည်း တောင်ကြီးမြို့ပေါ်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် ဝင်ရောက်မှု မရှိသလောက် နည်းပါးနေသည့်အတွက် ဆောင်းဝတ် အနွေးထည်များ အရောင်းအဝယ် ပါးနေကြောင်း သိရသည်။

.

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွားဧည့်သည်များ နည်းပါးလာခြင်းနှင့် လမ်းခရီးတွင် လုံခြုံစိတ်ချရမှု မရှိခြင်းများကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“အရင်တုန်းက ဧည့်သည်တွေလာတော့ ပုံမှန်လေးရောင်းနေတာပေါ့။ အခုကျတော့ ဧည့်သည်က မလာသလောက်ကို ဖြစ်သွားတော့ အရောင်းအဝယ်က တော်တော်ကို ပါးတယ်။ မိသားစု စားဝတ်နေရေးအတွက်တောင် မနည်း ရုန်းကန် နေရတာပေါ့” ဟု တောင်ကြီးမြို့၊ နာရီစင်ညဈေးတန်းတွင် ဆောင်းဝတ်ထည် ရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။

.

တစ်ပိုင်တစ်နိုင် ဆောင်းဝတ်ထည် ရောင်းချ သည့် ဈေးသည်များအနေဖြင့် မြို့ပေါ်ဝယ်ယူသူများထက် အခြားဒေသ များမှ လာရောက်လည်ပတ်သည့် ဧည့်သည်များကိုသာ အားပြုရောင်းချနေကြရပြီး ဧည့်သည်ဝင်ရောက်မှု မရှိသည့် အတွက် အချို့ ဆိုင်များမှာ ဆက်လက်ရပ်တည်ရန်ပင် ခက်ခဲလာနေကြောင်း သိရသည်။

.

တောင်ကြီးမြို့ပေါ်နှင့် မြို့မဈေးကြီးအနီးရှိ နာရီစင်ညဈေးတန်းတွင် ဆောင်းဝတ်ထည် ရောင်းချသည့် ဈေးသည် အများအပြားရှိနေပြီး ခရီးသွားဧည့်သည် လာရောက်မှု မရှိသည့်အတွက် ဈေးသည်အများအပြား အရောင်းအဝယ် အေးစက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats