အေးသာယာ၌ ကြက်စာများ တင်ဆောင်လာသည့် ယာဥ် မှောက်၍ တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာ၌ ကြက်စာများ တင်ဆောင်လာသည့် ယာဥ် မှောက်၍ တစ်ဦး သေဆုံး



တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် ကြက်စာများ တင်ဆောင်လာသည့် ၆ ဘီး ယာဉ် တိမ်းမှောက်ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်မှာ ကြက်စာများ တင်ဆောင်၍ အေးသာယာ စက်မှုဇုန်မှ ညောင်ရွှေ မွေးမြူရေးဇုန်ဘက်သို့ မောင်းနှင်နေစဉ် လမ်းအကွေ့၌ အရှိန် မထိန်းနိုင်ဘဲ ရေမြောင်းအတွင်း ကျ၊ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

.



ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ၃ ဦးအနက် ၁ ဦး သေဆုံးခဲ့ရကာ ၂ဦး ဒဏ်ရာ ရရှိခဲ့‌ကြောင်းနှင့် ၎င်းတို့ကို တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ အေးသာယာပရဟိတ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats