ပြိုကျသွားသည့် တောင်ကြီးမြို့ရှိ မီးသတ်ရုံးဝင်း မြေထိန်းနံရံ လုပ်ငန်းကို ဘတ်ဂျက် ထပ်ပေး၍ ပြန် ပြင်ခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြိုကျသွားသည့် တောင်ကြီးမြို့ရှိ မီးသတ်ရုံးဝင်း မြေထိန်းနံရံ လုပ်ငန်းကို ဘတ်ဂျက် ထပ်ပေး၍ ပြန် ပြင်ခိုင်း


ပြိုကျသွားသည့် တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မေတ္တာရှင်လမ်းပေါ်ရှိ မီးသတ်ဦးစီးဌာန အဖွဲ့ခွဲရုံးဝင်း အား ကာရံထားသော မြေထိန်းနံရံ အုတ်တံတိုင်းကို ဘတ်ဂျက် ထပ်ပေး၍ ပြန်ပြင်ခိုင်းထားကြောင်း သိရသည်။

.

လုပ်ငန်း ပြီးစီးပြီ ဖြစ်၍ သက်ဆိုင်ရာဌာနထံ ဇူလိုင်လအတွင်း အပ်နှံပြီး ဖြစ်သော်လည်း တည်ဆောက်စဉ်က စံချိန်စံညွှန်း မပြည့်မီသည့် အရည်အသွေးညံ့ ပစ္စည်းများဖြင့် တာဝန်မဲ့ ဆောင်ရွက်ခဲ့ခြင်းကြောင့် အုတ်တံတိုင်းမှာ ပြိုကျခဲ့ခြင်းကြောင့် ဘတ်ဂျက် ထပ်ပေးကာ နိုဝင်ဘာလ ၁၅ ရက်မှ စတင်၍ ပြန်လည် ပြင်ဆင် တည်ဆောက်စေခြင်း ဖြစ်ကြောင်း သိရသည်။

.

“ ပြန်ပြင်တာတော့ ကောင်းပါတယ်။ အနီးဝန်းကျင်နဲ့ သွားလာနေတဲ့ ပြည်သူတွေလည်း အန္တရာယ် ရှိနိုင်တာမို့လေ။ ဒါပေမယ့် ကုမ္ပဏီကို ဘတ်ဂျက် ထပ် ချပေးပြီး ပြန်ခိုင်းတာက အဂတိပဲဗျ။ သူတို့လုပ်တာ ပျက်ရင် သူတို့ပြန်ပြင်ပေါ့။ ဘတ်ဂျက်ဆိုတာ နိုင်ငံတော်ငွေ၊ ပြည်သူတွေ ပိုင်တဲ့ငွေလေ။ တာဝန်ရှိတဲ့သူကို အရေးယူပေါ့။ အခုက ဘတ်ဂျက် ထပ် ချပေးပြီးမှ ပြင်ခိုင်းတာက ရယ်စရာ ဖြစ်တာပေါ့။” ဟု အမည် မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.




အဆိုပါ လုပ်ငန်းအား လုပ်ဆောင်သည့် ကုမ္ပဏီမှာ ချယ်ရီဘုရင်မဆောက်လုပ်ရေးကုမ္ပဏီ ဖြစ်ပြီး ချယ်ရီဘုရင်မ၊ လင်းမြတ်နိုင် စသည့် အမည်များဖြင့် ကုမ္ပဏီ အနည်းဆုံး ၁၀ ခုခန့် မှတ်ပုံတင်ထားပြီး လက်ရှိ စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းများအား ကန်ထရိုက် ရယူ လုပ်ဆောင်နေသည်ဟု သိရသည်။

.

ယင်း မီးသတ်ရုံး မြေထိန်းအုတ်ရိုးသည် အရှည် ၁၉၅ ပေ ရှိပြီး လက်ရှိတွင် ကံသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အန္တရာယ်ရှိကြောင်း သတိပေးစာကပ်ကာ လမ်းတစ်ခြမ်းကို ဝါးကပ်များဖြင့် ကာရံထားသော်လည်း ဖြတ်သန်း သွားလာသူများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats