နွားထိုးကြီးမြို့ရှိ မြို့မရဲစခန်းကို မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်း Natogyi People Defence Force အဖွဲ့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့မှ ယနေ့ နိုဝင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည်။
.
နွားထိုးကြီးမြို့မရဲစခန်းအား ယမန်နေ့ နိုဝင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးချတိုက် ခိုက်ခဲ့ရာ ကင်းစောင့်နေသော ရဲတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ရဲတစ်ဦးမှာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု Natogyi People Defence Force က ဆိုသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် (၃၂၀)၌ စစ်ကောင်စီယာဥ် တစ်စီးကို နွားထိုးကြီး PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။