ခင်ဦးမြို့နယ်ရှိ စောကြီးရွာနှင့် သေနပ်စိန်ရွာများကို စစ်ကောင်စီက မီးရှို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခင်ဦးမြို့နယ်ရှိ စောကြီးရွာနှင့် သေနပ်စိန်ရွာများကို စစ်ကောင်စီက မီးရှို့

စစ်ကိုင်းတိုင်း​၊ ခင်ဦးမြို့နယ်၊ စောကြီးရွာနှင့် သေနပ်စိန်ရွာများကို စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၂၁ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.


အင်အား ၇၀ ခန့်ရှိ စစ်အုပ်စုသည် နံနက် ၁၀ နာရီခွဲကျော်ခန့်တွင် စောကြီးကျေးရွာသို့ လည်းကောင်း၊ နေ့လယ် ၂ နာရီခန့်တွင် သေနပ်စိန်ကျေးရွာသို့ အင်အား ၂၀ ခန့်ဖြင့် လည်းကောင်း ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး က ဆိုသည်။

.

အဆိုပါ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးရသည့် အသေးစိတ် အခြေအနေကိုမူ မသိရသေးပေ။

.



ခင်ဦးမြို့နယ်တွင် အာဏာသိမ်းပြီးနောက် နိုဝင်ဘာလ ၂၀ ရက်ထိ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာပေါင်း ၄၇ ရွာမှ နေအိမ်ပေါင်း ၂၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Journal Download

Photo of three cats