တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရှမ်းကျောင်းရှေ့၌ ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်၊ ညပိုင်းတွင် ဆိုင်ကယ်ဖြင့် လမ်းလယ်ကျွန်းမျှောကို ဝင်တိုက်မိပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
" ညတုန်းက ၇ နာရီခွဲလောက်မှာ ဖြစ်တာ။ ကျွန်းမျှောကို ဝင်တိုင်မိပြီး ဒဏ်ရာရတာ။ ဒဏ်ရာက စိုးရိမ်ရတယ်လို့တော့ ပြောတယ်။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
အဆို ဒဏ်ရာရ အမျိုးသားကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့က လူနာတင်ယာဥ်ဖြင့် စဝ်စံထွန်းဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။