မြဝတီ-ဝေါ်လေလမ်းပိုင်းရှိ ခမရ (၁၀၂) စခန်းချနေသည့် နေရာအား ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြဝတီ-ဝေါ်လေလမ်းပိုင်းရှိ ခမရ (၁၀၂) စခန်းချနေသည့် နေရာအား ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံး

.

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီ-ဝေါလေလမ်းပိုင်းတွင် စခန်းချ နေသည့် ခမရ (၁၀၂) စစ်ကောင်စီတပ်အား နိုဝင်ဘာလ ၂၂ ရက်၊ ညပိုင်းက KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ၁၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

မြဝတီ-ဝေါလေလမ်းပိုင်း ဘလက်ဒိုရွာအနီးရှိ စခန်းချနေသည့် ခမရ (၁၀၂) စစ်ကောင်စီတပ်အား Cobra Column ဦးဆောင်မှုဖြင့် KNDO တပ်ရင်း (၈) တပ်ဖွဲ့ဝင်များ၊ ရောင်နီဒရုန်းတပ်ဖွဲ့ နှင့် Federal Wings ဒရုန်းတပ်ဖွဲ့များက နိုဝင်ဘာလ ၂၂ ရက်၊ ညပိုင်းမှ ညသန်းခေါင်ယံအချိန်အထိ ဗုံးကဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Federal Wings အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

.

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး တပ်ရင်းမှူး ဗိုလ်မှူး ဇော်မျိုးအောင် အပါအဝင် ၁၅ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။

.

တိုက်ခိုက်မှုတွင် Federal Wings တပ်ဖွဲ့အနေဖြင့် ပျံသန်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးသီး ၃၇ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

[ Photo – Federal Wings ]

.

Journal Download

Photo of three cats