.
UWSA ထိန်းချုပ်ရာ
“ဝ” ဒေသ၊ ပန်ဆန်းမြို့နယ်၊ နမ့်လွတ်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက
ကားတစ်စီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ပန်ဆန်းမြို့နယ်၊ နမ့်လွတ်ကျေးရွာရှိ
TNLA တပ်ဖွဲ့ရုံးအနီး ခေါက်ဆွဲဆိုင်ရှေ့တွင်
ရပ်ထားသော ကားတစ်စီးပေါ်မှ ယနေ့ နိုဝင်ဘာလ ၃၀ ရက်၊ နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
သေဆုံးသူများ ရှိကာ ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးချေ။
.
ထိုထိခိုက်ဒဏ်ရာရ
သေဆုံးသူများတွင် ကိုယ်ဝန်သည်အမျိုးသမီး နှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကာ စုစုပေါင်း
၃၀ ဦးခန့် ရှိနိုင်ကြောင်း သိရသည်။
.
လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ပွားသည့်
နေရာအနီးဝန်းကျင်၌ UWSA တပ်ဖွဲ့က
လုံခြုံရေးအင်အားတိုးချဲ့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
.