ဖယ်ခုံ စစ်ရှောင်စခန်းမှ ကလေးငယ်များကို အားဖြည့်အစာများ ကျွေးမွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံ စစ်ရှောင်စခန်းမှ ကလေးငယ်များကို အားဖြည့်အစာများ ကျွေးမွေး


ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှ ကလေးငယ်များ အာဟာရ ရရှိစေရန်အတွက် ကယန်းရိုးရာအသားဆန်ပြုတ်များ၊ အာဟာရဖြစ် အားဖြည့်အချိုရည်များနှင့် မုန့်များကို ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က အလှူရှင်ကိုယ်စား သွားရောက်၍ ချက်ပြုတ် ကျွေးခဲ့ကြောင်း သိရသည်။

.



ယင်းကဲ့သို့ ကျွေးမွေးနိုင်ရန်အတွက် အဖက်ဖက်မှပါဝင် ကူညီပေးသော အလှူရှင်အားလုံးကို အထူးကျေးဇူးတင်ကြောင်း ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် က ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်သည်။

.

စစ်ဘေးရှောင်ကလေးငယ်များ စိတ်ခွန်အား ဖြစ်စေရန်အတွက် ကယန်းအမျိုးသား ဘုံအကကိုလည်း အားလုံးအတူတကွ ညီညီညာညာ က ကြပြီး အပြန်အလှန် အချင်းချင်း စိတ်ဓါတ်ခွန်အားပေးခဲ့‌ကြောင်းလည်း သိရသည်။

.



ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ကရင်နီပြည် စစ်ဘေးရှောင်စခန်းမှ ကလေးငယ်များအတွက် ဆောင်းအအေးဒဏ်ကို အန်တုနိုင်ရန် အဝတ်အထည်များ၊ စောင်များကို ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် က အလှူရှင်ကိုယ်စားသွားရောက်ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats