ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာနေ အမျိုးသားတစ်ဦးသည် နိုဝင်ဘာလ ၂၈ ရက်၊ ညနေ ၄ နာရီခန့်က မိမိကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူသည် အသက် ၂၇ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ယာတောအတွင်းရှိ သစ်ပင်၌ ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို ကမ်းလင့်လက်များလူမှုကူညီရေးအသင်း က သယ်ဆောင်ပြီး နောင်ပိန်တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။