တောင်ကြီးတွင် တစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် တစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော် ဖမ်းမိ

.

မြို့တော် တောင်ကြီးတွင် ယမန်နေ့ နိုဝင်ဘာလ ၈ ရက်၊ တစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော်နှင့် ဘိန်းဖြူ များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


.

ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာလ ၈ ရက်၊ ညနေ ၅ နာရီခန့်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ နယ်မြေ (၁) တွင် တင့်ဇော်ဦး စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် တင့်ဇော်ဦး နေထိုင်သည့် စဝ်စံထွန်း ရပ်ကွက်၊ နယ်မြေ (၇) ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မယဉ်ယဉ်သော် (ခ) အငယ်လေး အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၇ နာရီခွဲခန့်တွင် တောင်ကြီးမြို့၊ ကန့်ရှေ့ရပ်ကွက်၊ နယ်မြေ (၄)၊ ချင်းတွင်းလမ်းရှိ စိုင်းဆမ် (ခ) ကိုစိုင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းဝင်း၊ ကျော်ဖေ တို့အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် သိန်း ၄၅၀ အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

.

အလားတူ ယင်းနေ့ နေ့လယ် ၁၁ နာရီခန့်ကလည်း တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေတောင်ကြားလမ်းသွယ် (၂) နေ ရဲမင်းခန့် (ခ) စေတန် ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၅၀၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုး ၁၇၅၀၀၀၀ ကျပ်၊ ဘိန်းဖြူအလေးချိန် ၄၅ ဂရမ်၊ ဒေသ ကာလ ပေါက်ဈေးတန်ဖိုး ၆၇၅၀၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ရဲမင်းခန့် (ခ) စေတန်၊ တင့်ဇော်ဦး၊ မယဉ်ယဉ်သော် (ခ) အငယ်လေး၊ စိုင်းဆမ် (ခ) ကိုစိုင်း၊ စိုင်းဝင်းနှင့် ကျော်ဖေတို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats