.
တောင်ကြီးမြို့၊
သစ်တောရပ်ကွက်ရှိ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၏
နေအိမ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်၊ ညနေပိုင်းက ဓါးထောက် အနုကြမ်းစီးခံရမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
သစ်တောရပ်ကွက်၊
အရှေ့မြို့ပတ်လမ်းနှင့် သပြေလမ်းထောင့်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင်
အမည်မသိသူ တစ်ဦးမှ နေအိမ်အတွင်း ဝင်ရောက်လာပြီးနောက် အိမ်အကူအား ဓါးဖြင့်
ထိုးပြီး ဘုရားစင်ပေါ်ရှိ ငွေ ၅ သိန်းကျပ်ခန့်ကို ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ဒဏ်ရာတော့ သိပ်မများပါဘူး။
အိမ်ဖော်က တွေ့လို့ ဖုန်းဆက်မယ်လုပ်တော့ ဖုန်း မဆက်နဲ့ ဆိုပြီး ဓါးနဲ့ ထိုးသွား တာပါ။
ဘုရားစင်ပေါ် တင်ထားတဲ့ ပိုက်ဆံ ၅ သိန်းလောက်တော့ ပါသွားပါတယ်” ဟု
သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
.
အဆိုပါ သတင်းနှင့်
ပတ်သက်၍ စစ်ကောင်စီဘက်က ဖုံးဖိရန် ကြိုးစားနေပြီး လုယက်သူကို စုံစမ်းဖော်ထုတ်လျက်
ရှိကြောင်း သိရသည်။
.
စစ်ကောင်စီ
အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ခိုးဆိုးလုယက်မှုများ
များပြားလာနေပြီး ယခုကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်ကို
ဝင်ရောက်လုယက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
.