မြို့တောင်တောင်ကြီး၌ ယခု နိုဝင်ဘာ လဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီး ပြတ်တောက်သည့် အချိန် ယခင်ကထက် ပို များလာနေသဖြင့် ဒေသခံပြည်သူများ အခက်တွေ့နေရကြောင်း သိရသည်။
.
မြို့ပေါ်ရပ်ကွက်များတွင် ရပ်ကွက်အလိုက် ၅ နာရီလာ ၅ နာရီ
ပျက်သည့် စနစ်ဖြင့် အချိန်ပိုင်းသာ လျှပ်စစ်ဓါတ်အားကို ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
.
“ အရင်ကတည်းက မီး မလာတဲ့အချိန် များနေတာ။ အခုရက်ပိုင်းက
အချိန်ပိုင်း အလှည့်ကျနဲ့ပေးတော့ လူတွေ အခက်အခဲ ဖြစ်ကုန်တာပေါ့။” ဟု တောင်ကြီး ဒေသခံ
တစ်ဦးက ပြောသည်။
.
ထို့အပြင် လျှပ်စစ်မီး ရရှိသည့် အချိန်များတွင် မီးအား
နည်းခြင်း၊ အတက်/အကျ မမှန်ခြင်းများ အပြင် လျှပ်စစ်ဓါတ်အားကို အချိန်ပိုင်းဖြင့်သာ
အလှည့်ကျပေးနေသည့်အတွက် မီးပျက်ချိန်တွင် ဓါတ်ကြိုးများ ဖြတ်၍ ခိုးယူခံရမှုများ တောင်ကြီးမြို့ပေါ်တွင်
မကြာခဏ ဖြစ်ပေါ်နေသည်ဟုလည်း ၎င်းက ဆိုသည်။
.
“ လာရင်လည်း မီးအား နည်းတယ်၊ မီးအား အတက်/အကျကလည်း မမှန်တော့
ပစ္စည်းတွေ ခဏခဏ ရှော့ခ် ဖြစ်ရတယ်။ မီးလောင်မှာ စိုးရိမ်တာ။ ပြီးတော့ မီးပျက်တဲ့အချိန်မှာ
ဆားဗစ်ကြိုးတွေ ဖြတ် အခိုးခံရတာကတော့ ရပ်ကွက်တိုင်းလိုလိုကို ဖြစ်နေတာပါ။” ဟု မြို့ခံတစ်ဦးက
ပြောသည်။
.
တောင်ကြီးခရိုင်အတွင်းရှိ မြို့များ၌ အရေးပေါ်အခြေအနေမှ
လွဲ၍ အချိန်ပြည့် ဓါတ်အားပေးသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့ရှိ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း
(ESE Taunggyi) က ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ (Facebook
Account) မှတဆင့် ကြွားလုံးထုတ် ကြေညာထားသည်။